News

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၇

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်မည့် “Teacher Exchange Program”၏ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ Hybrid Format စနစ်ဖြင့်ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၄
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များကို ယနေ့မွန်းလွဲ ၃နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ သတ်မှတ် ထားသည့် လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ ကြည့်ရှု အားပေးကြသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို သတ်မှတ်ထားသောကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၃
အရှေ့တောင်အာရှမူလတန်းပညာသင်ယူ တတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံSoutheast Asia Primary Learning Metrics (SEA-PLM) 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီရင်ခံစာအားတင်ပြခြင်းနှင့် SEA-PLM 2024 သုတေသန လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၂

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ဆက်လက် ယှဉ်ပြိုင်ကြသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲနှင့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့် အားကစားရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှင့်ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော်၂၀၂၃ ဖေဖော်ဝါရီ ၁၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆရာအတတ်ပညာဦးစီဌာန ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ အားကစား သမားများနှင့် ကျောင်းသား ကျောင်းသူများ တက်‌ရောက်ကြသည်။

Pages