News
နေပြည်တော် ၂၀၂၃ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းစာစစ်ဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက် ၍ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖတို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်၀င် စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ၂၀၂၃ နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ၂၀၂၃ နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်း စာစစ်ဌာနများနှင့် ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် ၂၀၂၃ မတ် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်း စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
တောင်ကြီး ၂၀၂၃ မတ် ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၃ မတ် ၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပသည့် ကလောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ နှင့် တွေ့ဆုံပွဲသို့တက်ရောက်သည်။
နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၈
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။
