တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များနှင့်ကျောင်းများတွင် အသစ်ခန့်အပ်မည့် ဆရာ ဆရာမများအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများဖွင့်လှစ်ရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအစည်းအဝေးကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၉
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ် ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များတက်ရောက်ကြသည်။

