News
ရန်ကုန် ၂၀၂၆ နို၀င်ဘာ ၂၁
ဆရာအတတ်ပညာကဏ္ဍတွင် အနာဂတ်မျိုးဆက်သစ်များကို ပုံဖော်ပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး၀င်းမောင်သိန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ စီမံ၊ ဘဏ္ဍာအရာထမ်းများနှင့် တွေ့ဆုံမှာကြားသည်။
ရန်ကုန် ၂၀၂၆ နို၀င်ဘာ ၂၀
ကျောင်းသား ကျောင်းသူများအား သင်ကြားပို့ချရာတွင် ပညာသင်ကြားရုံသာမက စိတ်ဓာတ်ကောင်းမွန်စေရန်နှင့် ချမှတ်ထားသည့် စည်းကမ်းများကို စနစ်တကျလိုက်နာ ကျင့်သုံးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံစဉ်မှာကြားသည်။
ရန်ကုန် ၂၀၂၆ နို၀င်ဘာ ၁၉
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၃
ကျောက်မဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ (စခန်းသာ) အခြေခံပညာအလယ်တန်းကျောင်း၊ (နောင်ပိန်) အခြေခံပညာအထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် (နမ့်ဆောင်ဟူး) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် (ရေဝင်) အခြေခံပညာအလယ်တန်းကျောင်းများကို စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၂
သတ်မှတ်အရည်အသွေး စံညွှန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လိုအပ်သည့် လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုအရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ Site Plan များနှင့်အညီ အရည်အသွေးကောင်းမွန်၍ သတ်မှတ်ချိန်အတွင်းပြီးမြောက်ရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။
ရန်ကုန် ၂၀၂၆ နိုဝင်ဘာ ၇
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့် မေးခွန်းပုံစံများ စနစ်တကျ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM 2024) က ရရှိလာသည့် သင်ခန်းစာများကို အကျိုးရှိရှိအသုံးချပြီး နောက်လာမည့် SEA-PLM 2029 အတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏အခြေခံပညာရေး အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်လာစေမည်ဖြစ်ပါကြောင်း ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန် ၂၀၂၆ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက "India: New Horizons for Education and Learning” ခေါင်းစဉ်ဖြင့် စီစဉ်ကျင်းပသည့် Indian Education Fair 2026 ပညာရေးပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်(သုခဒီပ)အခြေခံပညာမူလတန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ (ပုပ္ပါးကုန်း) အခြေခံပညာမူလတန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ် (အကွက်ကြီး-၅) အခြေခံပညာမူလတန်းကျောင်းနှင့် (ရွှေကြာပင်) အမှတ် (၂၅)အခြေခံ ပညာမူလတန်းလွန်ကျောင်းများကို ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
