News

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၁
သိပ္ပံပွဲတော်(Science Festival)ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုအတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃၀
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၃) ပညာရေး၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းတွင် ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ သီးခြားစီ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၈
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်းကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန် ၂၀၂၅ ဒီဇင်ဘာ ၁၃
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြိုနယ်ရှိ ရန်ကုန်တက္ကသိုလ် သထုံလမ်း ဘောလုံးအားကစားကွင်းအတွင်းရှိ ပြေးလမ်းများ အသစ်ပြင်ဆင်ရေးနှင့် လေ့ကျင့်ကွင်းများ ပြင်ဆင်ထိန်းသိမ်းရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်သည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ယူနက်စကို အဖွဲ့ကကြီးမှူးကျင်းပသည့် လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Hilton Manila Newport World Resorts ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အရှေ့တောင် အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့နှင့်အတူ တက်ရောက်သည်။

Pages