News

နေပြည်တော် ၂၀၂၆ မတ်၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် သုတေသနစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ Naypyitaw State Academy ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်းပထမနှစ်နှင့် မဟာတန်း ဒုတိယနှစ်သင်တန်းများ၏ ပထမပညာသင်ကာလ စာမေးပွဲများတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၆
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်များတွင် စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ပထမနေ့တက္ကသိုလ်စာမေးပွဲ စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြင်ဦးလွင်ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆို နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရန်ကုန် ၂၀၂၆ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မင်္ဂလာဒီပရှိစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၃
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု တတိယနေ့တွင် သက်ဆိုင်ရာဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြသည်။

နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်သည်။

နေပြည်တော် ၂၀၂၆ မတ် ၁၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးသည်။

Pages