News
မန္တလေး ၂၀၂၆ မေ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျာထားအခြေခံပညာကျောင်းနှစ်ကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၆ မေ ၅
Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၂၆ မေ ၂
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ကျောင်းဝန်းအတွင်း အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် ၂၀၂၆ မေ ၂
၂၀၂၅-၂၀၂၆ပညာသင်နှစ် နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး၊ စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်) သို့ ရောက်ရှိကြသည်။
နေပြည်တော် ၂၀၂၆ မေ ၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် အဆင့်မြင့်ပညာဦးစီးဌာန တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့က ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေရိပ်သာ(Recreation Centre) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန် ၂၀၂၆ ဧပြီ ၂၅
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီးဒေါက်တာဇော်မြင့်၊ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမပရိဝုဏ် လှပတင့်တယ်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။
နေပြည်တော် ၂၀၂၆ ဧပြီ ၂၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း၀န်များ၊ တာ၀န်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဦးစွာ အပန်းဖြေ ရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုကာ ဆက်လက်၍ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ် နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၆ ဧပြီ ၁၇
ပညာရေးဝန်ကြီးဌာနမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ လျိုပိတ်ဆည်၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ မတ် ၃၀
၂၀၂၆ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ မတ် ၂၁
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
