June 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပမည့် ပညာရေးဝန်ကြီးများ၏အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန်ထွက်ခွာ

နေပြည်တော် ၂၀၂၃ ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ကျောင်းအပ်နှံမှုနောက်ကျသူများ ကျောင်းလာရောက်အပ်နှံပါက ဇွန်လကုန်ရက်အထိ ကျောင်းအပ်လက်ခံပေးမည်

နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်း‌ဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာတက်ရောက် ပညာသင်ကြား နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် တက်ရောက်

နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာမျိုးမင်းထွန်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဇီပြည်နယ် Yangling တွင် မေ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပသော ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

Pages