October 2025

ပင်လယ်ရေမှ စိုက်ပျိုး၊ မွေးမြူရေးသုံး ရေချို၊ ရေသန့်ထုတ်လုပ်ခြင်း သုတေသန ဆောင်ရွက်

ရန်ကုန် ၂၀၂၅ အောက်တိုဘာ ၂၀
ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာစင်တာ၌ (Center for Research and Innovation) Innovative Biophysics Lab တွင် Green Hydrogen Fuel Cell နည်းပညာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် စွမ်းအင်စနစ် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာ၀န်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ပြည်ပလေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၉
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့သည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ Samut Prakan ခရိုင်ရှိ Ancient City တွင် ထိုင်းနိုင်ငံ၏ သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၅ အောက်တိုဘာ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၇
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့သော ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့ နံနက်ပိုင်းက စင်ကာပူနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။

၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့ကို သွားရောက်အားပေး

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ခေတ္တပါမောက္ခချုပ်တို့နှင့်အတူ လယ်ဝေးမြို့နယ်ရှိ လေ့ကျင့်ရေးအားကစားကွင်းတွင် (၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများ ဆောင်ရွက်နေသည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား သွားရောက်တွေ့ဆုံ အားပေးသည်။

Pages