News
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့ သော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၃၀
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွေ့ကျိုးတက္ကသိုလ် (Guizhou University)သို့ သွားရောက်လေ့လာရာ တက္ကသိုလ်မှတာဝန်ရှိသူများက တက္ကသိုလ်ရှိ စာကြည့်တိုက်၊ လက်တွေ့ခန်းများ၊ တက္ကသိုလ် သမိုင်းပြတိုက်နှင့် တက္ကသိုလ်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်း ဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်သည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၈
၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Howard Johnson Hotel တတိယထပ်ရှိ ဧည့်ခန်းမ၌ တရုတ်- အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၂၇
၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင်ရှိ စီးပွားရေးစီမံခန့်ခွဲမှုပညာဌာန၌ ကျင်းပသော အကြိမ် (၂၀)မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်သည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများ၊ ကျောင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)အစည်းအဝေးခန်းမ၌ မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၃ တွင် ချမှတ်ခဲ့သည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
