News

ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၂၇
ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်၊ မွန်ပြည်နယ် လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။

နေပြည်တော်၂၀၂၄ အောက်တိုဘာ ၂၄
နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာ့ ရိပ်သာအိမ်ရာဝန်း တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေး ဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်ငါးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အိမ်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျောင်း၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ် သိပ္ပံသင်တန်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၅
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စီမံအုပ်ချုပ်ဆောင်၊ မြတ်ပညာခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ နားနေကွင်း၊ ရေစက်နှင့်ရေစင်များ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ အားကစားကွင်း၊ အားကစားရုံနှင့် ကျောင်းသန့်ရှင်း သာယာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်‌‌တော် ၂၀၂၄ စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် အစည်းအဝေးခန်းမ၌ မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးတို့နှင့် တွေ့ဆုံသည်။

Pages