News

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရန်ကုန် ၂၀၂၄ စက်တင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ သာကေတ မြို့နယ် SKT International School ရှိ စာသင်ခန်းများ၊ စားသောက်ခန်းမ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစားခန်း၊ Theatre ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၉
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဆက်လက်ကျင်းပသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၈
၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၇

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆက်လက် ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၅
၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၄
၂၀၂၄ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) နောက်ဆုံးပွဲစဉ်များကို ယနေ့ ညနေပိုင်း တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃) တို့၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၃
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော် ၂၀၂၄ သြဂုတ် ၃၀
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

Pages