February 2022
သင်ကြားသင်ယူမှုနှင့် စီမံရေးရာအရည်အသွေးများ ပိုမိုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို
ကျိုင်းတုံ ၂၀၂၂ ဖေဖော်ဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်း ဖြည့်ဆည်းပေးမှုနှင့် ဘောလုံးကွင်းများလှည့်လည်ကြည့်ရှု
နေပြည်တော် ၂၀၂၂ ဖေဖော်ဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။
ပညာရေးအသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အကျိုးရှိထိရောက်စွာအသုံးပြု ပညာရေးလုပ်ငန်းများ အောင်မြင်အောင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်
နေပြည်တော် ၂၀၂၂ ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Pages
- « first
- ‹ previous
- 1
- 2
- 3
